အတာကိုမချစ်တဲ့မြန်မာဖြစ်လို့
ဗမာစစ်ရင်တောင်
အာပလာအချစ်နဲ့
နယူးရီးယားမှာ
အထူးကြီးပွားချင်ရင်
ခံလိုက်ကြစမ်းနိုင်ငံသား....................
ပြီးတဲ့အခါဟန်လုပ်ကာနဲ့
ဟိုဖောဒီရွှေ
ချစ်လှစတိုင်လ်
အတိအကျပိုင်ပိုင်
ကိုယ့်မြေကိုယ်ရေအတွက်ဆိုပြီး
အော်လိုက်စမ်းဟဲ့ဒီမိုကရေစီ........
တကယ်တန်းကျလိုအပ်လှစွာ
သူတကာဒုက္ခ
ပြည်တွင်းမှာ"က"တော့
ရှိတဲ့ငွေထုတ်ပြုန်းကာပြုတ်ဖို့
စိတ်ကူးတောင်မသန်း
ဆရာကြီးအဆင်နဲ့
ရူးလိုက်ပါဦးးးးးးးးးးးးးးးးးး။
အထက်ပါကဗျာမှာခုနှစ်သက္ကရာဇ် ၂၀၀၉ တွင်ကျွန်တော်ကိုတေမှဆရာကြီးသို့ဂါဝရပြုသောအားဖြင့်
စပ်ဆိုထားခြင်းဖြစ်ပါသည်။
အခြေအနေ၊အကြောင်းကြောင်းကြောင့်တိုင်းတစ်ပါးနိုင်ငံသားခံယူထားသော်လည်း
မိခင်နိုင်ငံအတွက်အမှန်တကယ်ဆောင်ရွက်နေကြသောလေးစားထိုက်သူများကိုမရည်ရွယ်ပါခင်ဗျား....
Wednesday, 31 December 2008
ဆရာကြီး....သို့...ဂါဝရ
Posted by ရန်ကင်း 0 commentsThursday, 3 April 2008
အိမ်ပြောင်းပြီ
Posted by ရန်ကင်း 0 commentsမောင်ရင်ငတေကိုနုတ်ဆက်ပြီးနာမည်ကောအိမ်ကောပြောင်းလိုက်ပါပြီ။
strangerဖြစ်သွားပါပြီ။
Rest of your post
Monday, 24 March 2008
သေနေ့ ဘယ်နေ့  လဲ
Posted by ရန်ကင်း 0 commentsဘာရယ်ညာရယ်မဟုတ်ပါဘူး။ပို့ စ်မတင်ဘလော့တွေမလည်ဖြစ်တာကြာလို့ အားလုံးကိုမိမိတို့ ဘယ်နေ့ သေမလဲ
ဆိုတာသိချင်ကြတဲ့သူတွေအတွက်အပျော်အနေနဲ့ လုပ်လို့ ရအောင်ဆော့ဝဲလ်လေးတစ်ခုလက်ဆောင်ပေးတာပါ။
မြန်မာချက်ဖိုရမ်ကတွေ့ လာလို့ ပြန်မျှတာပါ။ဒီမှာဒေါင်းလုပ်ပြီးစမ်းကြည့်လို့ ရပါတယ်။
ကျွန်တော်ကတော့ ၅၀ လောက်ပဲနေချင်တာဗျာ။ဒီမှာတော့ ၂၀၆၀ လေးလပိုင်း၊လေးရက်နေ့  april4 ဆန်းဒေးမှသေမယ်ဆိုပါလား..အဟဲ
မှန်မမှန်တော့မသိဘူး..အပျော်ပေါ့...အားလုံးပဲအသက်ရှည်ကျန်းမာကြပါစေ။
ကိုတေ
Sunday, 2 March 2008
သက်ြန်အကြိုသံချပ်
Posted by ရန်ကင်း 0 commentsအရင်ဦးသူစားစတမ်းဆို
အမှန်အကန်တွေ ၊ ရှေ့ရောက်မလာဘူး။
နောက်ကျသွားသူကောက်ကျစ်စတမ်းဆို
မင်းတို့ ကောင်တွေ ၊ မြေခွေးတွေပဲ။
အရေခြုံတွေ ၊ လိမ်ညာနေ
ကောင်းကင်ကြီးမှာစွပ်ဟစ်နေ။
သူခိုးလူဟစ် ၊ လူ့ ငငြစ်
မင်းတို့ တွေမှာပြစရာ ၊ အထောက်အထားတွေရှိကြရဲ့ လား။
မေးသာမေးပါ ၊ ကြိုဆိုမှာ
အထောက်အထားတွေပြည့်နေလွန်းလို့ ။
သင်္ကြန်သံချပ်လေးစပ်ကြည့်တာပါ။တိုက်ဆိုင်သူတွေရှိရင်တော့အချိန်မရွေးဖြေရှင်းနိုင်ပါကြောင်း။
ဘလော့ကိုခဏပိတ်ထားဖြစ်တယ်ဗျာ။မနေနိုင်တော့လို့ သံချပ်လေးနဲနဲစပ်ကြည့်ပြီးပြန်ဖွင့်လိုက်ပါတယ်။
မှတ်ချက်။ ။သံချပ်ထဲမှကောင်းကင်ဆိုသည့်စာသားမှာဘလော့ဂါကောင်းကင်ကိုအားရည်ရွယ်ချင်းမဟုတ်ပါ။
ငတေ
Wednesday, 20 February 2008
မွေးရာပါတာဝန်ဖြစ်ကိုဖြစ်နေပြီ။
သြော်..ဧရာဝတီရဲ့ သတို့သမီးကိုတော့ ၀ိုင်းပြီး ခြေတော်တင်လိုက်ကြတဲ့အဖြစ်ကို ယခုတော့ အားလုံးက သိုင်းဝိုင်းပြီး၊ အားလုံးကပါ အ လိုတူပုံစံမျိုး ..၊ အခင်းကျင်း .......... ဟုတ်လား။
ပထမအကြိမ်တုံးကလည်း အဓမ္မကျင့်တာကို ခံခဲရတဲ့အဖြစ်ဆိုးကိုကြုံခဲ့ရတဲ့ ၁၉၆၂ မှစပြီး၊ ဒုတိယအကြိမ် အဓမ္မကျင့်ခံရပြန်ဆိုသော ၁၉၇၄ကို ဖြတ်သန်းရ။
တတိယအကြိမ် အဓမ္မကျင့်ခံရသောအခြေအနေကို ထပ်ပြီးတော့ ၁၉၉၀မှာ ကြုံရပြန်ဆိုတော့ဗျာ၊ ကျွန်တော်တို့က အဲလောက်တောင် အ နိုင်ကျင့်ခံရတာကို အခုကျတော့ ၀ိုင်းပြီး အဓမ္မကျင့်ခံရတာကိုဘဲ မေ့ပျောက်ပြီး၊ နောက်တစ်ကြိမ် “အကျင့်ထပ်ခံရအောင်” ဆိုသော ပုံစံ မျိုးကို ၀ိုင်းပြီးတော့ လုပ်ပေးရမှာ၊ ကုတင်ပေါ်ကို ကြိုးတုတ်ပြီးတင်ပေးရမဲ့ အကြောင်းထဲမှာတော့ ကျွန်တော်တို့မပါဘူး၊ ကျွန်တော် အဲ့ဒီ လောက်တော့ သဘောထားမကြီးနိုင်ဘူး၊ ကျွန်တော်တို့ သွေးသားတွေ အဆက်ဆက်ကိုလည်း “သဘောထားကြီးကြကွာလို့” မပြောနိုင်ဘူး။
၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို အကောင်ထည် မဖေါ်မပေးမခြင်း၊ ဘာဆိုဘာမှမလိုချင်ဘူး၊ န.အ.ဖ ရဲ့ ဆန္ဒခံယူပွဲကို ဘက်ပေါင်းစုံက နောက်ဆုံးအခြေအနေအထိ ဆန့်ကျင်ကြ၊ ဆန္ဒခံယူပွဲကို သွားရမယ်ဆိုတဲ့ ရူးကြောင်ကြောင် အယူအဆတွေကို ဆန့်ကျင်ကြ၊ ၁၉၉၀ပြည့်ရွေးကောက်ပွဲကို န၀တအလိုကျ ပြောသောမည်သူ့ကိုမဆို ပြတ်ပြတ်သားသား ဆန်ကျင့်ကန့်ကွက်ကာ အပြီးအပိုင်စည်းခြားခြင်းကို ပြတ်ပြတ်သားသား လုပ်ဆောင်ရပေမည်၊၊
ဒီအကြောင်းကိုလုပ်သော သူတွေလည်းပြင်း ပြင်းထန်ထန်ပြောပါတယ်။ မင်းတို့ရှက်တတ်ရင် လဲသေသင့်တယ်။ သွေးတိုးစမ်းစကားကို သူတို့ကနေစပြီးတော့ပြောရဲတာ၊ ဒါဟာကြီးမားသော အမျိုးသားရေး၊ တိုင်းရင်းသားညီညွတ်ရေး၊ ဒီမိုကရေစီရရှိရေး၊ စစ်အစိုးရကို အပြီး စစ်တန်းလျားပြန်ပို့ရေး၊ အရပ်သားအစိုးရကို ထာဝရပေါ်ထွန်းရေး လုပ်ဆောင်နေသော၊ လုပ်ဆောင်ဆဲဖြစ်သော သူအားလုံးနှင့် သန်း ၅၀သော ပြည်သူလူထုကြီးကို သစ္စာဖောက်ခြင်းဘဲ။
ကျိန်းသေပြီဆိုရင်တော့......................ပြောကြဆိုကြတာပေါ့၊ ဘိုမ ဂါဝန်အောက်က ကြောင်တောင်တောင် စကားတွေကို ရပ်ရင် ရပ်။ မရပ်ရင်တော့ နားတော့၊ ယောင်တောင်ပေါင်တောင်နဲ့ ပြည်တွင်းကော၊ ပြည်ပကော၊ ထို့အပြင် ပြည်ပက ဘိုမလင်တွေလင်တွေလဲ မင်း တို့နည်းနည်း ပါးစပ်တွေကို တစ်ခုခုဆို့ထား၊ ဒီနေ့တိုင်းပြည်ကို တကယ်ကောင်းတာမြင်ချင်ရင် စစ်တပ် စစ်တန်းလျားက ကာကွယ်ရေး လုပ်၊ အရပ်သားအစိုးရက တိုင်းပြည်ကို ကိုင်တွယ်အုပ်ချုပ်၊ ဒါပဲရှိတယ်။ ဒါကအမှန်ဆုံးဘဲ၊ အဖြစ်သင့်ဆုံးနဲ့ ပြည်သူတွေအားလုံးကော၊ ဒီဘက်က လူတွေအားလုံးကော လုပ်ကိုလုပ်ရမဲ့ အကြောင်းက အခုဆိုရင် မွေးရာပါတာဝန်ဖြစ်ကိုဖြစ်နေပြီ။
မွေးရာပါတာဝန်ဖြစ်ကိုဖြစ်နေပြီ။
မွေးရာပါတာဝန်ဖြစ်ကိုဖြစ်နေပြီ။
SDD တင်ပြသည်။
Friday, 15 February 2008
သူရဲကောင်းဖထီးအတွက်ယုံကြည်ချက်
Posted by ရန်ကင်း 3 comments
အားလုံးအတွက်တစ်အားလျော့
အဲဒီတစ်အားဟာဖဒိုမန်းရှာ
ဖဒိုမန်းရှာဟာသူရဲကောင်း
သူရဲကောင်းဟာသုဂတိသာ
သုဂတိမှာဖဒိုမန်းရှာ
သေချာရှိနေမှာ။
ကရင်တိုင်းရင်သားတွေအတွက်တင်မဟုတ်ပါဘူး။
ပန်းတိုင်တူသူတွေအားလုံးအတွက်တစ်အားလျော့သွားရပါပြီ။
ဖဒိုမန်းရှာကောင်းရာသုဂတိလားပါစေ။
ကိုတေ
Thursday, 14 February 2008
ခွပ်ဒေါင်းအထာ
Posted by ရန်ကင်း 1 commentsသူငယ်ချင်းတို့ ရေ
တို့ တစ်တွေခွပ်ဒေါင်း
အတောင်းမညောင်းပဲ
အားမာန်ရှေ့ဆက်
ဇွဲစိတ်ဆက်ကာ
တိုက်ပွဲဆိုလဲ
ဝင်ရမှာပဲ။
အောင်ပွဲဆိုတာ
သေချာရမှ
တို့ တစ်တွေအင်အား
လျှော့ထားလိုက်မယ်။